ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၏ ခွင့်ပြုရန်ပုံငွေဖြင့် Quick Win အစီအစဉ်နှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကျင်းပ
စစ်တွေ နိုဝင်ဘာ ၁၉
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၏ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် Quick Win အစီ အစဉ်နှင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် မြို့နယ်များအတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ မြို့တော်စည်ပင်သာယာရေးနှင့် အများပြည်သူနှင့် သက်ဆိုင်သည့်ကဏ္ဍများတွင် ဘဏ္ဍာနှစ်အတွင်း Quick Win အစီအစဉ်အရ ပြည်သူလူထုက တင်ပြ တောင်းဆိုလာသည့် ဒေသခံများအား အကျိုးပြုပြီး မြို့သာယာလှပရေးကို အထောက်အကူဖြစ်စေမည့် လုပ်ငန်းများဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနများ အလိုက် ကော်မတီများဖွဲ့စည်း၍ ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ စုစုပေါင်းလုပ်ငန်း ၂၆၅ ခု ဆောင်ရွက်ရန် တင်ပြထားသည်ကို တွေ့ရှိရကြောင်း၊ Quick Win လုပ်ငန်းများဆောင်ရွက်ရာတွင် ဖွဲ့စည်းထားရှိပြီး ဖြစ်သည့် လုပ်ငန်းကော်မတီများအနေဖြင့် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ သုံးစွဲဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများက ဌာနများ၊ ရုံးများတွင် Quick Win အစီအစဉ်နှင့် အကောင် အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ရှင်းလင်းတင်ပြကြပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ခေတ္တအတွင်းရေးမှူးနှင့် စစ်တွေခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က ပြည်နယ်အစိုးရအဖွဲ့နှင့် စစ်တွေမြို့ပေါ်ရပ်ကွက်များရှိ အများနှင့်သက်ဆိုင်သော လုပ်ငန်းများ နှင့်ပတ်သက်၍ ဆောင်ရွက်ပေးရမည့် ကဏ္ဍများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)

No comments