အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့် ဒုစရိုက်မှုများကျူးလွန်နေသည့် KK Park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့အတွင်း အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့များဖြင့် ဆက်လက် ရှင်းလင်းဆောင်ရွက်
နေပြည်တော်
နိုဝင်ဘာ ၁၉
မြန်မာနိုင်ငံ အစိုးရအနေဖြင့်
နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်း လိမ်လည်မှုများ၊
အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေး
တာဝန်တစ်ရပ်အနေဖြင့် အလေးထား တိုက်ဖျက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့
အွန်လိုင်းလိမ်လည် လောင်းကစားမှုများကို တိုက်ဖျက်လျက်ရှိရာတွင် မုလအိအလင်း ကုမ္ပဏီနှင့် Tran- Asia International Holding Group
(Thailand) ကုမ္ပဏီတို့ လုပ်ငန်းစတင်ခဲ့သည့်
မြဝတီ-မဲ့ထော်သလေး (KK Park) နယ်မြေအတွင်းသို့
အောက်တိုဘာလ အတွင်းမှစ၍လည်းကောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်
စီးပွားရေးကိစ္စရပ် များ ဆောင်ရွက်နိုင်ရန် အကြောင်းပြ၍ စီမံကိန်း တစ်ရပ်အဖြစ်
တည်ဆောက်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများ ရပ်တန့်ထားသည့် ရွှေကုက္ကိုလ်နယ်မြေ အတွင်းသို့
နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းမှစ၍လည်းကောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၊
အုပ်ချုပ်ရေး အဖွဲ့အစည်းများ အပါအဝင်အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေး
အဖွဲ့များဖြင့် ဝင်ရောက် ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ
ဖော်ထုတ်ဖမ်းဆီးရမိသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ကြသူများကို လိုအပ်သည့်စိစစ်မှုများ ဆောင်ရွက်၍သက်ဆိုင်ရာ
နိုင်ငံများသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့
အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ယင်းဒေသတွင် လုံးဝပြန်လည်အခြေမချနိုင်စေရေး၊
ဒုစရိုက်လုပ်ငန်းများ ထပ်မံမလုပ် ဆောင်နိုင်စေရေးအတွက် ယင်းဒေသတွင်
ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက် အအုံများကိုလည်း အပြီးတိုင်
ဖျက်ဆီးဖြိုချမှုများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဖြိုချ ဖျက်ဆီးခြင်းများ ဆောင်ရွက်ရာတွင်
ယာဉ်ယန္တရားများဖြင့် စနစ်တကျ ဖြိုချဖျက်ဆီးခြင်း၊ အဆင့်မြင့် နည်းပညာသုံးဖောက်ခွဲဖျက်ဆီးခြင်း
နည်းပညာများ အသုံးပြု၍ စနစ်တကျ ဖောက်ခွဲဖျက်ဆီးခြင်းတို့ဖြင့်
ဆောင်ရွက်လျက်ရှိသည်။
ယနေ့ ညနေ ၆ နာရီအထိ
မြဝတီ - မဲ့ထော်သလေး (KK Park) နယ်မြေအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ကျူးလွန်ရာတွင်
အသုံးပြုလျက်ရှိသည့် အဆောက်အအုံ ၆၃၅ လုံး ရှိသည့် အနက် အလုံး ၁၇၀ ကို ဖြိုချဖျက်ဆီးပြီးစီးပြီဖြစ်ကြောင်းနှင့်
ကျန်ရှိနေသေးသည့် အဆောက် အအုံ ၄၆၅ လုံးကို ဆက်လက်ဖြိုချ ဖျက်ဆီးလျက်ရှိသည်။
အလားတူ
ရွှေကုက္ကိုလ်နယ်မြေအတွင်း၌လည်း ရှင်းလင်းဖော်ထုတ်မှုများကို ယမန်နေ့မှစ၍ စတင်
ဆောင်ရွက်လျက်ရှိပြီးယနေ့ ဒုတိယနေ့အဖြစ် ရှင်းလင်းမှုများ ဆက်လက်ဆောင်ရွက်ခဲ့ရာ
ညနေ ၆ နာရီအထိ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံ ၁၃ လုံးအတွင်းမှ
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက် နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား ၁၈၄
ဦး၊ မလေး ရှားနိုင်ငံသားသုံးဦး၊ ဖိလစ်ပိုင် နိုင်ငံသား ၁၄ ဦး၊ နီပေါနိုင်ငံသား
နှစ်ဦး၊ ထိုင်းနိုင်ငံသား ခြောက်ဦး၊ ဗီယက်နမ်နိုင်ငံသား ခုနစ်ဦး၊
နိုင်ဂျီးရီးယားနိုင်ငံသားတစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၄၈ ဦး စုစုပေါင်း ၂၆၅
ဦးနှင့် အွန်လိုင်း လိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုသည့်
ကွန်ပျူတာ ၂၃၃၉ လုံး၊ မိုဘိုင်းဖုန်းအလုံး ၂၉၅၀ နှင့် လုပ်ငန်းသုံး
ပစ္စည်းအများအပြားကို စိစစ်တွေ့ရှိဖမ်းဆီးရမိခဲ့သည်။ သို့ဖြစ်ပါ၍
ရွှေကုက္ကိုလ်နယ်မြေအတွင်း စုစုပေါင်း ဖော်ထုတ်ရှင်းလင်းမှု များအရ
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင် လျက်ရှိသည့်
စိစစ်ဆဲနိုင်ငံခြားသား ၆၁၁ ဦးနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ
ကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၂၆၅၃လုံး၊ မိုဘိုင်းဖုန်း အလုံး ၁၉၆၅၀
နှင့် လုပ်ငန်းသုံးပစ္စည်း အများအပြားကို စိစစ်တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး ဖော်ထုတ်
ရှင်းလင်းခြင်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့
ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများကို မြဝတီမြို့နယ်
ပူလွဲပူကျေးရွာ အုပ်စု ရွှေကုက္ကိုလ်မြိုင်ကျေးရွာအတွင်း လုံထင်းဝန်းရှိ အဆောက်အအုံ၌ ထိန်းသိမ်းထားရှိပြီး တရားမဝင်
ပြည်ပနိုင်ငံသား စစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ရာ ပြည်ပနိုင်ငံသား ၂၀၀ ကို
စစ်ဆေးနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက်
ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ များ၏ လိုအပ်သည့် ကိုယ်ရေး အချက်အလက်များနှင့် မှတ်တမ်းများ
စာရင်းကောက်ယူခြင်းလုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော်
အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်မှုများကို အမျိုးသား
ရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်း အင်အားစုများအပြင်
အိမ်နီးချင်းနိုင်ငံအစိုးရ များနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments