ဂျပန်နိုင်ငံ၌ တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်တက်နေ ကလေးသူငယ်များတွင် အများဆုံးဖြစ်ပွား



တိုကျို   နိုဝင်ဘာ   ၃၀

ဂျပန်နိုင်ငံ၌     တုပ်ကွေးရောဂါ ဖြစ်ပွားသူအရေအတွက်မှာ ယမန်နှစ်ကထက် ပိုမိုလျင်မြန်စွာ မြင့် တက်လာကြောင်းနှင့်  တုပ်ကွေး  ဖြစ်ပွားမှုအများဆုံးမှာ  ကလေးသူငယ်များဖြစ်ကြောင်း    အင်န် အိတ်ချ်ကေ   သတင်းတစ်ရပ်၏  ဖော်ပြချက်အရ သိရသည်။

နိုဝင်ဘာ၂၃ ရက်အထိ သီတင်းတစ်ပတ်အတွင်း ဆေးဘက်ဆိုင်ရာအဖွဲ့အစည်း  ၃၀၀၀ ခန့်က    အစီရင်ခံဖော်ပြထားသော တုပ်ကွေးရောဂါဖြစ်ပွားသူအရေအတွက်မှာ ၁၉၆၈၉၅ ဦးရှိသည် ဟု    ဂျပန်ကျန်းမာရေးဌာနက ပြောသည်။ ယင်းမှာ ယခင်သီတင်းပတ်ကထက် ၁  ဒသမ ၃၅ ဆ  ပိုမို များပြားလာကြောင်း    သိရသည်။

ဆေးဘက်ဆိုင်ရာ ဌာနတစ်ခုလျှင် ပျမ်းမျှတုပ်ကွေးဖြစ်ပွားသူ အရေအတွက်မှာ  ၅၁  ဒသမ  ၁၂  ဦး ရှိပြီး   ယင်းအရေအတွက်မှာ ယခုနှစ်  တုပ်ကွေးရာသီအတွင်း ပထမဆုံးအကြိမ် ၅၀ ကို ကျော် လွန်လာခြင်းဖြစ်သည်။ နိုဝင်ဘာ ၉ ရက်အထိ   သီတင်းတစ်ပတ်အတွင်း တုပ်ကွေးဖြစ်ပွားသူ  ၈၄၁၈၃ ဦး၏ ၈၀ ရာခိုင်နှုန်းခန့်မှာ  အသက်  ၂၀ အောက်  ကလေးသူငယ်များဖြစ်သည်ဟု ဆိုသည်။                                                                          

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.