တိုက်ကြီးမြို့နယ်၌ စနစ်မှန်သွားတိုက်နည်း လက်တွေ့သရုပ်ပြ
တိုက်ကြီး ဒီဇင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ
သွားနှင့် ခံတွင်းဆရာဝန်ကြီး ဒေါက်တာကွန်စတန် ဦးဆောင်၍ အနောက်ပိုင်းဆေးရုံနှင့် သာကေတအထူးကုဆေးရုံတို့မှ
သွားနှင့်ခံတွင်းဆရာဝန်များနှင့် တာဝန်ရှိသူများက သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးအသိပညာ
ပေးခြင်းနှင့် စနစ်မှန်သွားတိုင်နည်း လက်တွေ့သရုပ်ပြခြင်းကို ဒီဇင်ဘာ ၁ ရက်က တိုက်ကြီးမြို့
အမက(မာလာရုံ)၌ ဆောင်ရွက်သည်။
အဆိုပါအဖွဲ့သည် အမက(မာလာရုံ)မှ ကျောင်းသား
ကျောင်းသူများအား သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ စနစ်မှန်သွားတိုက်နည်းအကြောင်း
အသိပညာပေး ဟောပြောခြင်းနှင့် စနစ်မှန်သွားတိုက်နည်းကို ကျောင်းသား ကျောင်းသူများနှင့်အတူ
သရုပ်ပြလေ့ကျင့်ကြပြီး ကျောင်းသား ကျောင်းသူများအား သွားတိုက်ဆေးနှင့် သွားတိုက်တံများ
ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments