ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ နှစ်(၁၀၀)ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ကျင်းပ
ပဲခူး ဒီဇင်ဘာ ၄
ပဲခူးမြို့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်
ရွှေသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ နှစ် (၁၀၀) ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့်
ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများသည် ရှေးဟောင်း
သမိုင်းဝင် ဆုတောင်းပြည့် ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရင်ပြင်တန်ဆောင်း၌
ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်မည့် ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ စေတနာရှင်ပြည်သူများနှင့်
လူမှုရေးအသင်းအဖွဲ့များ၏ မဏ္ဍပ်အသီးသီးကို လိုက်လံကြည့်ရှု အားပေးပြီး ဆန်၊ ဆီ၊ ဆေး
အပါအဝင်ပစ္စည်း ၁၈ မျိုးတို့အား ကြွရောက်လာသည့် သံဃာအပါး ၁၃၀ နှင့် သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီးအပါး
၅၀ တို့အား စေတနာထက်သန်စွာ လောင်းလှူ ပူဇော်ခဲ့ကြသည်။
ယနေ့ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကြီးအား
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ စေတနာရှင်ပြည်သူများနှင့်
လူမှုရေးအသင်းအဖွဲ့များ၏ ပေါင်းစုအားဖြင့် ဝတ္ထု+ပစ္စည်း တန်ဖိုး စုစုပေါင်းငွေကျပ်
သိန်း ၅၅၀ ကျော် လောင်းလှူပူဇော်ခဲ့ကြောင်း သိရသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့သည်
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်၍ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေသာလျောင်း
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ ပါဒစေတီတော်အသစ် ပြန်လည် တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်နေမှု
အခြေအနေကို သွားရောက်ကြည်ညိုခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments