ပါကစ္စတန်နိုင်ငံ၌ ယခုနှစ်အောက်တိုဘာလတွင် ပို့ကုန် ၁၇ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်



ဒီဇင်ဘာ ၃

ပါကစ္စတန်တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလက ပို့ကုန်ဝန်ဆောင်မှုများ အမေရိကန်ဒေါ်လာ ၈၂၆ သန်းနီးပါးအထိ မြင့်တက်လာရာ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၇ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ပါကစ္စတန်စာရင်းအင်းဗျူရိုက ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

အဆိုပါအောက်တိုဘာလအတွင်း သွင်းကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၅ ဘီလီယံ၊ ၁၂ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာပြီး ဝန်ဆောင်မှုကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၂၂၄ ဒသမ ၈ သန်း ရှိရာ  ၂၀၂၄ ခုနှစ် အောက်တိုဘာလကထက် အနည်းငယ် လျော့နည်းခဲ့သည်ဟု သိရသည်။

လစဉ်ပို့ကုန် ၂ ဒသမ ၄၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး သွင်းကုန် ၃ ဒသမ ၉၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလအထိ အချက်အလက်များအရ တင်ပို့မှု အမေရိကန်ဒေါ်လာ ၃ ဒဿမ ၀၃ ဘီလီယံ ရှိပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၅ ဒသမ ၉၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖော်ပြထားသည်။ ဗျူရို၏ အချက်အလက်များအရ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၁၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကာ စုစုပေါင်း ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၁၆ ဘီလီယံ ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.