မှော်ဘီမြို့နယ်၌ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
မှော်ဘီ ဒီဇင်ဘာ ၄
မှော်ဘီခရိုင် မှော်ဘီမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လှုံ့ဆော်ရေး အစီအစဉ်များကို စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက “ဒို့အတူတူမဲပေးကြမယ်”အသိပညာပေး လက်ကမ်းစာစောင်များကို တာဝန်ရှိသူများ ပူးပေါင်း၍ အခမဲ့ ဖြန့်ဝေပေးသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မှော်ဘီမြို့နယ် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဝေမိုးအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်နှင့် တာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လှုံ့ဆော်မှုအဖြစ် ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်များကို မှော်ဘီမြို့ (၃) ရပ်ကွက်ဈေးနှင့် အမှတ်(၄)လမ်းတို့ရှိ လူစည်ကားရာ နေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ(မှော်ဘီ)

No comments