ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ရွေးကောက်ပွဲ နှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာများ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်၊ စတစ်ကာကပ်ခြင်းများ ဆောင်ရွက်
ရန်ကုန် ဒီဇင်ဘာ ၄
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား နိုင်ငံသူနိုင်ငံသားအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲ နှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာများ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်၊ စတစ်ကာကပ်ခြင်း ကမ်ပိန်းများကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်ရှေ့၊ ကျောက်တံတားမြို့နယ် မြို့တော်ခန်းမရှေ့၊ အလုံမြို့နယ် သခင်မြပန်းခြံရှေ့နှင့် မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေးပြေး ကားဝင်းတို့တွင် ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းများနှင့် တာဝန်ရှိသူများက ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များ၊ အဝေးပြေးကားများနှင့် YBS ယာဉ်များတွင် “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ် ဆီသို့” စာတန်းပါစတစ်ကာများ ကပ်ခြင်းနှင့် ပြည်သူများလက်ဝယ်အရောက် “ဒို့အတူတူမဲပေး ကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေကြသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နှိုးဆော်အသိပညာပေး လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)

No comments