ပင်လောင်းမြို့နယ်၌ ပွင့်ဖူးဆဲဘိန်းခင်းများ ဖျက်ဆီး
ပင်လောင်း ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ပင်လောင်းမြို့နယ် စင်တောင်းကျေးရွာအုပ်စု ထီတလိကျေးရွာအနောက်ဘက် နှစ်မိုင်ခွဲခန့်အကွာတွင်
ပွင့်ဖူးဆဲဘိန်းခင်းများကို ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းကစတင်ကာ မွန်းလွဲပိုင်းအထိ စုပေါင်းဖျက်ဆီးခဲ့ကြသည်။
ပွင့်ဖူးဆဲဘိန်းခင်းများကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး
ယာယီရဲမှူးချုပ် ကျော်ကျော်ဟန် ဦးစီး၍ နယ်မြေခံတပ်မှ နည်းပြမှူးချုပ် ဒုတိယ ဗိုလ်မှူးကြီးကျော်စွာဗိုလ်နှင့်
တပ်ဖွဲ့ဝင်များ၊ အမှတ်(၂) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး
ကျော်စိန်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကွပ်ကဲမှုအဖွဲ့မှူး ဒုတိယရဲမှူးကြီး
သန်းဌေးအောင်၊ ပင်လောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင့်ဇော်ထက်၊
မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမိုးထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူးနှင့်
တပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနမှ
တာဝန်ရှိသူများ၊ ဌာနေပြည်သူ့စစ် (PNO)တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်
အဖွဲ့ဝင်များ၊ ထီတလိကျေးရွာတာဝန်ရှိသူများနှင့် ရွာသူရွာသားများက အမြင့်နှစ်ပေခွဲခန့်ရှိ
ဘိန်းစိုက်ခင်း ၃၅ ဧကကို စုပေါင်းဖျက်ဆီးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments