ချမ်းအေးသာစံမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
ချမ်းအေးသာစံ ဒီဇင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်တွင်
နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ဝါခင်းကုန်းကျောင်း ဆူးဖြူသာသနာ့ရိပ်သာရှိ
ဓမ္မဗိမာန်တော်ဓမ္မာရုံ၌ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ပြုလုပ်ပေးရာတွင် ဗန်းမော်ခရိုင်မှ
ယာယီနေရပ်စွန့်ခွာ သူများထဲမှ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများ၊ ပျောက်ဆုံး ပျက်စီးသူများနှင့်
အိမ်ထောင်စုလူဦးရေစာရင်းတွင် မပါရှိသူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူးနှင့်
တာဝန်ရှိသူများက ဆောင်ရွက်ပေး လျက်ရှိသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့်တာဝန်ရှိသူများက
လိုက်လံကြည့်ရှုခဲ့ကြပြီး နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားစုစုပေါင်း
၈၁ ကတ်၊ အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ ၁၂ စုတို့အား ကာယကံရှင်များထံ လက်ဝယ်အရောက်
ပေးအပ်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)

No comments