ဖျာပုံမြို့နယ်၌ ကွန်ကရစ်တံတား တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး
ဖျာပုံ ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)
ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဖျာပုံ-အပြောင်-ကျီးနှစ်ပင်ကျေးရွာချင်း ဆက်လမ်းပေါ်ရှိ
အပြောင်ချောင်းကူးကွန်ကရစ်တံတားပေ ၁၂၀ ဆောင်ရွက်နေမှု မြေပြင်အခြေအနေကို ဒီဇင်ဘာ ၂
ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ
အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးကျော်ကျော်ထွေး၊ ဖျာပုံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမိုးမြင့်နှင့် တာဝန်ရှိသူများက ဖျာပုံ-အပြောင်-ကျီးနှစ်ပင်
ကျေးရွာချင်းဆက်လမ်းပေါ်ရှိ အပြောင်ချောင်းကူးကွန်ကရစ်တံတား ပေ ၁၂၀ လုပ်ငန်းများ ဆောင်ရွက်ရာတွင်
သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာဖြင့် ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း
သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments