သင်္ဃန်းကျွန်းမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်”မြေစိုက်ပိုစတာ စိုက်ထူ

 


သင်္ဃန်းကျွန်း ဒီဇင်ဘာ ၄

 

ရွေးကောက်ပွဲဆိုင်ရာ လက်ကမ်းစာစောင်များ၊ မြေစိုက်ပိုစတာများအား သင်္ဃန်းကျွန်းမြို့နယ် လူစည်ကားရာနေရာများ၌ ယနေ့နံနက်ပိုင်းမှစတင်၍ ဖြန့်ဝေ၊ စိုက်ထူပေးလျက်ရှိသည်။

 

စိုက်ထူ

ထိုသို့ ဖြန့်ဝေပေးရာတွင် “ဒို့အတူတူမဲပေးကြမယ် ” ပိုစတာ ၁၀ ခုတို့အား သင်္ဃန်းကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုး၊ သင်္ဃန်းကျွန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက သင်္ဃန်းကျွန်းမြို့နယ် ကျွန်းမာလာပန်းခြံ၊ စံပြစျေး၊ မြို့နယ်လျှပ်စစ်ရုံးရှေ့၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့၊ သုဝဏ္ဏလမ်းဆုံ၊ သုဝဏ္ဏစျေးရှေ့၊ ကမာကြည်ဖူဆယ်ဘောလုံးကွင်းရှေ့၊ ပြည်ထောင်စုပန်းခြံနှင့် သုဝဏ္ဏပန်းခြံတို့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။

ဇော်မိုး (သင်္ဃန်းကျွန်း)

No comments

Powered by Blogger.