မြောက်ဥက္ကလာပမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်

 


ရန်ကုန် ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မြတ်ခရေခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူနှင့်အဖွဲ့ဝင် ဗိုလ်မှူးဖြိုးဝေလင်းတို့က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်သင်းသင်းမိုးက တည်ဆဲအခွန်ဥပဒေများအရ လိုက်နာရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာ သိသင့်သိထိုက်သည်များကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင် အခွန်ထမ်းပြည်သူ ၇၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)

No comments

Powered by Blogger.