လပွတ္တာမြို့နယ်၌ နွေစပါးမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးပွဲကျင်းပ

 


လပွတ္တာ ဒီဇင်ဘာ ၂၃

 

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် သာလိကာကုန်းကျေးရွာ၌ ယနေ့နံနက်ပိုင်းတွင် နွေစပါးမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးပွဲအခမ်းအနား ကျင်းပသည်။

 

စိုက်ပျိုး

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးက အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝမ်းက နွေစပါးစိုက်ပျိုး ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ သာလိကာကုန်းကျေးရွာအုပ်စု တောင်သူ ဦးမောင်နိုင်၏ လယ်မြေ ၁၀ ဧက တွင် ရက် ၉၀ စပါးမျိုးအား မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခဲ့သည်။

 

ဆက်လက်၍ နေကြာကျင်း ၁၀၀၀ ဆီတစ်ပုံး စိုက်ပျိုးရာ Super Sun (41) နေကြာမျိုးအား ကျင်းပေါင်း ၃၀၀၀ ကို မျိုးစေ့ချ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.