မြန်အောင်မြို့နယ်၌ ကျေးလက်လမ်းတံတား လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

 


မြန်အောင် ဒီဇင်ဘာ ၈

 

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေ၊ အထွေထွေပိုလျှံ(GRF)ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်သည့် ကျေးလက်လမ်းတံတားလုပ်ငန်းများကို ယမန်နေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့စစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (နေပြည်တော်) အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ဇော်မင်း၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်နိုင်ဝင်းနှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာတို့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဇလုပ်ကြီး-ကြို့ပင်လမ်းပေါ်ရှိ ဇလုပ်ကြီးတံတား၊ တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ပဆင - ကညင်ငူ - ကြက်သွန်ခင်းလမ်းပေါ်ရှိ မမြဖောက်ချောင်းတံတားနှင့် ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေ(GRF)ဖြင့် ဆောင်ရွက်သည့် သပြေကုန်း - သဲဖြူ - ထူးကြီးလမ်းတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.