ဘားအံမြို့၌ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း ဖွင့်လှစ်
ဘားအံ ဒီဇင်ဘာ ၈
ကရင်ပြည်နယ် ဘားအံမြို့၌ မူးယစ်ဆေးဖြတ်ပြီးသူများ
ပြန်လည် ထူထောင်ရေးစခန်း (ဘားအံ)မှ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း (၁/၂၀၂၅)ဖွင့်ပွဲကို
ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး
ဦးစောထွန်းအောင်က မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို
အဟန့်အတား ဖြစ်စေသော အဓိကစိန်ခေါ်မှု တစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးဝါးပြဿနာကို
အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ပြီး လုပ်ငန်းစဉ်များချမှတ် အကောင်အထည်ဖော်ဆောင်ရွက်
လျက်ရှိကြောင်း၊ စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါကြောင်း၊ သင်တန်းသား သင်တန်းသူများ
အနေဖြင့် မိမိတို့၏ အားထုတ်မှုသည် ဆေးစွဲသူ တစ်ဦး၏ဘဝကို ပြန်လည် ထူထောင်ရာတွင် အဓိကသော့ချက်
တစ်ခုအဖြစ် သတိပြုမှတ်ယူပြီး လူမှုရေးပြန်လည်ထူထောင်ရေး နည်းလမ်းများကို လေ့လာသင်ကြားရန်
အမှာစကား ပြောကြားသည်။
ဆက်လက်၍ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်
ထူထောင်ရေးစခန်း (ဘားအံ)မှ ဦးစီးအရာရှိ ဒေါ်မေသဇင်လှိုင်က သင်တန်းဆိုင်ရာကိစ္စရပ်များကို
ရှင်းလင်းပြောကြားသည်။ အဆိုပါ သင်တန်းကို ဒီဇင်ဘာ ၈ ရက်မှ ၁၂ ရက်အထိ မူးယစ်ပြန်လည်
ထူထောင်ရေးအသင်းဗဟိုမှ တာဝန်ရှိသူများ၊ အမှတ်(၃၁) မူးယစ်တပ်ဖွဲ့စု(ဘားအံ)၊ အမှတ်(၈)
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်ကြက်ခြေနီအသင်း၊
စိတ်ပညာဆရာဝန်၊ ကရင်ပြည်နယ် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(MANA)တို့မှ သင်တန်းနည်းပြများက
သင်တန်းသား သင်တန်းသူ ၂၀ အား သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments