ပရိသတ်များအတွက် ရလဒ်ကောင်းရယူနိုင်ရန် ကြိုးစားမည်ဟု မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပြောကြား

 


ရန်ကုန် ဒီဇင်ဘာ ၄

 

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ်ဖြစ်သူ ဂျပန်နိုင်ငံသား ကူရိုဆာကီက ဆီးဂိမ်းပြိုင်ပွဲတွင် ပရိသတ်များအတွက် ရလဒ်ကောင်းရယူနိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

 

ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(C)အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို ဒီဇင်ဘာ ၄ ရက်တွင် ချင်းမိုင်မြို့ရှိ နှစ် ၇၀၀ ပြည့်အထိမ်း အမှတ်ဘောလုံးကွင်း သတင်းစာရှင်းလင်းပွဲ ခန်းမ၌ကျင်းပရာ မြန်မာ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်အသင်းတို့မှ နည်းပြချုပ်များ တက်ရောက်သည်။ မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ကူရိုဆာကီက “ ပြိုင်ဘက်အသင်းတွေကို ကျွန်တော်တို့ လေးစားမှုနဲ့ယှဉ်ပြိုင်မှာပါ။ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားအသင်းတွေက တောင့်တင်းပြီး တကယ်ကောင်းတဲ့အသင်းတွေဆိုတာ သူတို့ တွေ့ဆုံခဲ့တဲ့ ပွဲတွေမှာ မြင်ခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့ အာဆီယံ ယူ-၂၃ ချန်ပီယံရှစ် ဆီမီးဖိုင်နယ်တက်တဲ့ နှစ်သင်းစလုံးကို ကြိုးစားပြီး ရင်ဆိုင်ပါမယ်။ ကျွန်တော်တို့ကို ကြည့်ရှုအားပေးနေတဲ့ ပရိသတ်အတွက် တစ်သင်းလုံး ကြိုးစားနေပါတယ်၊ ရလဒ်ကောင်းနဲ့ ပရိသတ်ကို ပျော်စေချင်ပါတယ်ဟု ပြောကြားသည်။

ရှိုင်းထက်ဇော်

No comments

Powered by Blogger.