ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် အိမ်ရှင်ထိုင်းအသင်း ဂိုးပြတ်အနိုင်ယူ
ရန်ကုန် ဒီဇင်ဘာ ၄
ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲ
အုပ်စု (A) ပထမနေ့ကို ဒီဇင်ဘာ ၄ ရက်တွင် ထိုင်းနိုင်ငံ ချောင်ဘူရီမြို့၌ ကျင်းပရာ အိမ်ရှင်
ထိုင်းအသင်းက အင်ဒိုနီးရှားအသင်းကို ရှစ်ဂိုးပြတ်အနိုင်ရခဲ့သည်။
ရှစ်ဂိုးပြတ်အနိုင်ရ
အုပ်စုချောင်နေသည့် အိမ်ရှင် ထိုင်းအသင်းသည်
အဖွင့်ပွဲတွင် အင်ဒိုနီးရှားအသင်းကို ရှစ်ဂိုး ပြတ်အနိုင်ရခဲ့သဖြင့် အုပ်စုပထမဖြင့်
ဆီမီးဖိုင်နယ်တက်ရောက်ရန် အခြေအနေကောင်းသွားခဲ့သည်။ အင်ဒိုနီးရှားအသင်းသည် ကြိုးစားကစားသော်လည်း
အာဆီယံထိပ်သီးထိုင်းကို ယှဉ်ကစားနိုင်ခြင်း မရှိသဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ထိုင်းအသင်းသည် ပထမပိုင်းတွင် လေးဂိုး၊ ဒုတိယပိုင်းတွင် လေးဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။
အုပ်စု (A) တွင် ကမ္ဘောဒီးယားအသင်း
နုတ်ထွက်သွားသဖြင့် ထိုင်း၊ အင်ဒိုနီးရှားနှင့် စင်ကာပူအသင်းတို့သာ ကျန်ရှိတော့ပြီး
ဒီဇင်ဘာ ၇ ရက်တွင် စင်ကာပူအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း - ချစ်ကိုကို၊
ဓာတ်ပုံ - FAT

No comments