ပုဇွန်တောင်မြို့နယ်၌ တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်မည့်ကိစ္စရပ်များ ရှင်းလင်း‌ဆွေးနွေး

 



ပုဇွန်တောင်  ဒီဇင်ဘာ   ၃၀

ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်တွင် တည်ဆဲအခွန် ဥပဒေများအရ လိုက်နာဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း‌ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ  မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။

အခမ်းအနားတွင်   မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ  ဦးဇော်မိုးအောင်က အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးမြဦးက တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ပြေစာတံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားပြီး အခွန်ထမ်းပြည်သူများက သိရှိလိုသည်များ မေးမြန်းကြရာ မြို့နယ်အခွန်ဦးစီးဌာနမှူးက  ပြန်လည်ရှင်းလင်း ပြောကြားသည်။

အဆိုပါအခမ်းအနားသို့  မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်  အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် အခွန်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊  အခွန်ထမ်းပြည်သူ ၃၅ ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။               

ဟန်စုယဉ်

No comments

Powered by Blogger.