ကလောမြို့၌ တစ်ခါသုံး ပလတ်စတစ်ပစ္စည်းများ သုံးစွဲမှု လျှော့ချရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
ကလော ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့ ကလောချောင်းအတွင်း အမှိုက်စွန့်ပစ်ခြင်းများ တားဆီးကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် ယနေ့နံနက်ပိုင်းက တစ်ခါသုံး ပလတ်စတစ်ပစ္စည်း များသုံးစွဲမှု လျှော့ချရေး အသိပညာပေးဟောပြောပွဲကို ကလောမြို့ မြို့နယ်ခန်းမ၌ ကျင်းပသည်။
အသိပညာပေး
အခမ်းအနားတွင် ရှမ်းပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးလမင်းသန်းက တစ်ခါသုံးပလတ်စတစ် အပါအဝင် ပလတ်စတစ်နှင့် စွန့်ပစ်ပစ္စည်းများ စည်းကမ်းမဲ့စွန့်ပစ် ခြင်းမရှိစေရေး၊ စနစ်တကျ ခွဲခြားစွန့်ပစ်ရေးနှင့် တစ်ခါသုံး ပလတ် စတစ်ပစ္စည်းများ သုံးစွဲမှုလျှော့ချ ရေးခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပြီး ဟောပြောပွဲ တက်ရောက်လာသူများက သိရှိလိုသည်များ ပြန်လည်ဆွေးနွေး ကြသည်။ ထို့နောက် ပလတ်စတစ် ညစ်ညမ်းမှု အဆုံးသတ်ရေး ဗီဒီယို ပြသ၍ လက်ကမ်းစာစောင်များနှင့် Recycle Bag များ ဖြန့်ဝေခဲ့ကြသည်။
ထို့အတူ တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ကလောမြို့မဈေးအတွင်းရှိ ဈေးဆိုင်များနှင့် ဈေးဝယ်သူများအား အသိပညာပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ၊ Recycle Bag များ ဖြန့်ဝေပြီး အောင်ပန်းမြို့ အမှတ်(၃)အခြေခံ ပညာ အထက်တန်းကျောင်းတွင် တစ်ခါသုံးပလတ်စတစ် သုံးစွဲမှု လျှော့ချခြင်း ခေါင်းစဉ်ဖြင့် ကျောင်းသား ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
စိုးလင်း(တောင်ကြီး)

No comments