မွန်ဂိုးလီးယားနိုင်ငံ၌ တောင်ကိုရီးယားခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့် ၂၀၂၆ ခုနှစ်အထိ တိုးမြှင့်



ဒီဇင်ဘာ ၃၁

မွန်ဂိုးလီးယားနိုင်ငံသို့ ရေတိုလည်ပတ်သူများအတွက် ဗီဇာကင်းလွတ်ခွင့်ကို ၂၀၂၆ ခုနှစ်ကုန်အထိ တိုးမြှင့်ရန် အစိုးရက ယနေ့တွင်ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

အဆိုပါဆုံးဖြတ်ချက်သည် မွန်ဂိုးလီးယားသို့လာရောက်လည်ပတ်ရန်နှစ်များ ခရီးသွားလုပ်ငန်းအစီအစဉ်၏ မူဘောင်အတွင်း နိုင်ငံတွင် လေးရာသီခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် နိုင်ငံခြားခရီးသွားများကို ပိုမိုဆွဲဆောင်ခြင်းဖြင့် ၎င်း၏ခရီးသွားလုပ်ငန်းကဏ္ဍကို ပြန်လည်သက်ဝင်လှုပ်ရှားလာစေရန် အစိုးရကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းအစိုးရ၏သတင်းထုတ်ပြန်ရေးရုံးကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

လက်ရှိတွင် မွန်ဂိုးလီးယား၏စီးပွားရေးသည် သတ္တုတွင်းကဏ္ဍနှင့် သတ္တုအရင်းအမြစ်များ တင်ပို့မှုအပေါ် များစွာမူတည်ကြောင်း၊ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှုအခြေအနေတွင် နိုင်ငံ၏စီးပွားရေးကို ကွဲပြားစေရန်နှင့် ၎င်းခရီးသွားလုပ်ငန်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် ဦးစားပေးများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရကြောင်း  ဖော်ပြထားသည်။


မွန်ဂိုးလီးယားခရီးသွားလုပ်ငန်းအဖွဲ့အစည်း၏ ပြောကြားချက်အရ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွားစုစုပေါင်း ၈၄၆၁၀၃ ဦး လာရောက်လည်ပတ်မှုရှိရာ ယခင်နှစ်ကနိုင်ငံခြားခရီးသွားဝင်ရောက်မှုထက် ငါးရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။  ၂၀၂၈ ခုနှစ်တွင် နိုင်ငံခြားခရီးသွားဦးရေ နှစ်သန်းလာရောက်ရန် စီစဉ်ထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.