ရေကြည်မြို့ မြို့မဈေး၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပ
ရေကြည် ဒီဇင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်
စည်ပင်သာယာရေးကော်မတီပိုင် မြို့မဈေး၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့်
မီးဘေးလုံခြုံရေး လက်တွေ့သရုပ်ပြပွဲကို ဒီဇင်ဘာ ၆ ရက်က ပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်လင်း၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်မောင်နိုင်နှင့်
မီးသတ်ဦးစီးအရာရှိ ဦးစိုးနိုင်တို့က မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး
မီးသတ်ဆေးဘူး အသုံးပြုပုံ၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲအိတ်များထားရှိရေး ပညာပေးဟောပြောကာ
မီးသတ်ဆေးဘူး၊ မီးသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို လက်တွေ့သရုပ်ပြခဲ့ကြောင်း
သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments