ဘီးလင်းမြို့နယ်အတွင်း သမဝါယမအသင်းသားများ၏ မိုးစပါးရိတ်သိမ်းမှု ကွင်းဆင်းကြည့်ရှု

 


ဘီးလင်း ဒီဇင်ဘာ ၉

 

ဘီးလင်းမြို့နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် ရွှေလှေကျေးရွာ ရွှေဝါမြေ(လယ်/ထွေ)သမဝါယမအသင်းသားများ စိုက်ပျိုးထားသည့် ဂျပန်ရွှေဝါထွန်း မိုးစပါးများ ရိတ်သိမ်းမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ကွင်းဆင်းကြည့်ရှုရာတွင် ဘီးလင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သမဝါယမကဏ္ဍမှ သမဝါယမအသင်းပိုင်ငွေဖြင့် ဆောင်ရွက်သော လိပ်ခုံးကျေးရွာ ရွှေဝါမြေ(လယ်/ထွေ) သမဝါယမအသင်းက မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူ ၁၃ ဦး စိုက်ပျိုးထားသော ဂျပန်ရွှေဝါထွန်း စပါး ၁၁၅ ဧကကို ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် စပါးအထွက်နှုန်းတင်း ၁၀၀ ထွက်ရှိကြောင်း သိရသည်။

ဘီးလင်း(ပြန်/ဆက်)

No comments

Powered by Blogger.