မွန်ပြည်နယ်ဝန်ကြီးချုပ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေး၍ ချောင်းဆုံမြို့နယ်အတွင်းရှိ မဲရုံများ လှည့်လည်ကြည့်ရှု

 



ချောင်းဆုံ ဒီဇင်ဘာ ၂၈

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ယနေ့နံနက်ပိုင်းမှစ၍ မဲရုံများတွင် မဲဆန္ဒရှင်များ လွတ်လပ်၍ အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ကွမ်ရိုက်ကျေးရွာ ပတ္တမြားရတုခန်းမရှိ မဲရုံအမှတ် (၁)၌ ဆန္ဒမဲပေးပြီး မဲရုံအလိုက် ဆန္ဒမဲပေးနေမှုကို လှည့်လည် ကြည့်ရှုသည်။

ပြည်နယ်ဝန်ကြီးချုပ်သည် မြို့နယ်အတွင်းရှိ ကညှော်ကျေးရွာ မဲရုံအမှတ်(၂)၊ မုဒွန်းကျေးရွာ မဲရုံအမှတ်(၂)၊ တောင်စွန်းကျေးရွာ မဲရုံအမှတ်(၂)၊ ကလွီကျေးရွာ မဲရုံအမှတ်(၂)၊  ဒရယ်ကျေးရွာ မဲရုံအမှတ်(၂)၊ ကမာမိုကျေးရွာ မဲရုံအမှတ်(၁)၊ ကွမ်ရိုက်ကျေးရွာ မဲရုံအမှတ်(၁)၊ အမှတ်(၂)၊ ကဒါ ကျေးရွာ မဲရုံအမှတ်(၁)၊ ရွာလွတ် ကျေးရွာ မဲရုံအမှတ်(၁)၊ အမှတ်(၃)၊ ကမနင်းကျေးရွာ မဲရုံအမှတ်(၁) နှင့် ကရင်ဝင်းစိန်ကျေးရွာ မဲရုံအမှတ်(၁)တို့တွင် မဲဆန္ဒရှင် ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲ ပေးနေမှုများကို လှည့်လည် ကြည့်ရှုသည်။

ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင်အသက် ၁၈ နှစ် ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း ၁၁၇၀၃၁ ဦးရှိပြီး မဲရုံပေါင်း ၇၃ ရုံ ရှိရာ သက်ဆိုင်ရာမဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်အေးချမ်းစွာ မဲပေးလျက်ရှိကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)

No comments

Powered by Blogger.