၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မိသားစုဝင်များ ပါဝင်ဆန္ဒမဲပေး
ထားဝယ် ဒီဇင်ဘာ ၂၈
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း(၁)ကို ယနေ့နံနက် ၆ နာရီမှ စတင်၍ နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် မိသားစုဝင်များ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများက ဆန်းချီရပ်ကွက် အခြေခံပညာမူလတန်းကျောင်း မဲရုံအမှတ်(၁)၌ လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်းများကို လျှို့ဝှက်ဆန္ဒပြုခန်းများတွင် လွတ်လပ်စွာ ဆန္ဒမဲပေး ရွေးချယ်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒေသခံပြည်သူများ ဆန္ဒမဲပေးရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားမှု များကိုကြည့်ရှုပြီး လိုအပ်သည်များ ကူညီဆောင်ရွက် ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် ရပ်ကွက်ကျေးရွာအုပ်စု ၉၉ အုပ်စု၌ မဲရုံပေါင်း ၂၂၅ ရုံ ဖွင့်လှစ်ထားရှိပြီး မဲဆန္ဒရှင်ဦးရေ ၄၀၄၆၉၀ ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments