မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းသို့ စာအုပ်များ လှူဒါန်း

 


ရန်ကုန် ဒီဇင်ဘာ ၄

 

မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းသို့ စာအုပ်၊ စာစောင်များ လှူဒါန်းခြင်းအခမ်းအနားကို ဒီဇင်ဘာ ၃ ရက်က ရန်ကုန်မြို့ သိမ်ဖြူလမ်း အမှတ်(၂၂၈)ရှိ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

ဦးစွာ ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးအုန်းမောင်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ထို့နောက် စာအုပ်အလှူရှင်များက စာအုပ်များလှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး ဗိုလ်မှူးကြီး ဇော်ထွန်း(ငြိမ်း) (စာရေးဆရာ နီမင်းညို)နှင့် စစ်ကိုင်းတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းကိုယ်စား တိုင်းတာဝန်ခံ ဦးညွန့်လှိုင်တို့က စာအုပ်များ ပေးအပ်လှူဒါန်းရာ ဒုတိယဥက္ကဋ္ဌ ဦးအုန်းမောင်ကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ယနေ့လှူဒါန်းမှုတွင် စာအုပ်ပေါင်း အုပ်ရေ ၅၀၀ ကျော် တန်ဖိုးငွေကျပ် ၃၉၀၀၀၀၀ ကျော်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)

No comments

Powered by Blogger.