ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ကျင်းပ

 


ရန်ကုန် ဒီဇင်ဘာ ၄

 

ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (အင်းစိန်)နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို နိုဝင်ဘာ ၂၉ ရက် အင်းစိန်မြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ အင်းစိန်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းဇော်က အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင် ဦးဘိုကြည် (ဒေါက်တာဗိုလ်သံမဏိ-တောင်တွင်းကြီး)က သုတ၊ ရသ၊ စာအုပ်မျိုးစုံ အုပ်ရေ ၁၀ဝ ကို ကျောင်းစာကြည့်တိုက်သို့ ပေးအပ်လှူဒါန်းကာ စာဖတ်ခြင်း၏အကျိုး ကျေးဇူးခေါင်းစဉ်ဖြင့် ဆွေးနွေး ဟောပြောသည်။

 

ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ လူငယ်နှင့် စာပေ၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် ယဉ်ကျေးမှု စသည့်ခေါင်းစဉ် များဖြင့် ကျောင်းသား ကျောင်းသူ ခြောက်ဦးတို့က ဆွေးနွေး ဟောပြောခဲ့ကြပြီး ဦးဆောင် ဆွေးနွေးသူများနှင့် ကျပန်း၊ ကဗျာ၊ ပုံပြော၊ စာစီစာကုံး၊ ပန်းချီ ပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်ဦး

No comments

Powered by Blogger.