အာဖဂန်နစ္စတန်နိုင်ငံ၌ လူပေါင်း တစ်သန်းခွဲခန့် မသန်စွမ်းဖြစ်မှုများနှင့် နေထိုင်ကြရဟုဆို

 


ကဘူးလ်  ဒီဇင်ဘာ 

အာဖဂန်နစ္စတန်နိုင်ငံ၌  လူပေါင်း ၁ ဒသမ ၅ သန်းခန့်မှာ  မသန်စွမ်းဖြစ်မှုအခြေအနေများဖြင့် နေထိုင်ကြလျက်ရှိပြီး အများစုမှာ ဆယ်စုနှစ်များစွာဖြစ်ပွားသော   ပဋိပက္ခများကြောင့်ဖြစ်ကြောင်း  ကုလသမဂ္ဂ အာဖဂန်နစ္စတန် အကူအညီပေးရေးမစ်ရှင်(ယူအင်န်အေအမ်အေ)က ဒီဇင်ဘာ ၃ ရက် တွင် ပြောသည်။

အာဖဂန်နစ္စတန်နိုင်ငံသည် ကမ္ဘာ့မြေမြှုပ်မိုင်း အများဆုံးရှိသည့် နိုင်ငံများထဲမှတစ်နိုင်ငံဖြစ်ပြီး ဆယ်စုနှစ်လေးစုကျော်ကြာ ဖြစ်ပွားသော  ပဋိပက္ခများမှ    မပေါက်ကွဲသေးသော   စစ်လက်နက် ပစ္စည်းများနှင့် မြေမြှုပ်မိုင်းများကြောင့် နေ့စဉ်နှင့်အမျှ အသက်ပေါင်းများစွာ ဆုံးရှုံးမှုနှင့် ပြင်းထန် ထိခိုက်ဒဏ်ရာရရှိမှုများကို ဖြစ်ပေါ်စေသည်။

လွန်ခဲ့သည့်သီတင်းနှစ်ပတ်အတွင်းမှာပင် သီးခြားပေါက်ကွဲမှုများကြောင့် နိုင်ငံတောင်ပိုင်း ကန်ဒါဟာ နှင့် ဥရုဇ်ဂန်ပြည်နယ်အပြင်  နိုင်ငံမြောက်ပိုင်း ဘက်ခ်ပြည်နယ်တို့တွင် ကလေးငယ်များအပါအဝင် ခုနစ်ဦး သေဆုံးပြီး ကိုးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။                     

ဆင်ဟွာ

No comments

Powered by Blogger.