အာရှနိုင်ငံများ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူ ၁၃၀၀ ကျော်ရှိလာပြီး ပျောက်ဆုံးသူ ၉၀၀ ကျော်ရှိ
ဂျကာတာ ဒီဇင်ဘာ ၃
အင်ဒိုနီးရှား၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့၌ မိုးအဆက်မပြတ်ရွာသွန်းမှု၊ ရေကြီးမှုနှင့် မြေပြိုမှု များကြောင့် သေဆုံးသူ
၁၃၇၉ ဦးအထိရှိလာကြောင်း၊ ကယ်ဆယ်ရေးလုပ်သားများသည်
ဒီဇင်ဘာ ၂ ရက်က ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခဲ့ကြကြောင်း
အင်န်အိတ်ချ်ကေသတင်းတွင် ဖော်ပြသည်။
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းဆူမားတြားကျွန်း၌
သေဆုံးသူ ၇၄၄ ဦးရှိပြီး ပျောက်ဆုံးသူ ၅၅၁ ဦး ရှိသည်ဟု သိရသည်။ မြောက်ဆူမားတြားခရိုင်တွင်
ရေကြီးမှုကြောင့် လူပေါင်း ၅၀၀၀၀၀ ကျော်ကို
ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ ခိုလှုံနေရာများတွင် နေထိုင်နေကြရသူများသည် ၎င်းတို့၏ အိမ်သို့ အချိန်မရွေးပြန်နိုင်ရန် မဖြစ်နိုင်သကဲ့သို့ ကလေးများ၏
ကျန်းမာရေးအခြေအနေ အတွက်လည်း စိုးရိမ်နေကြရသည်။
အင်ဒိုနီးရှား သဘာဝဘေးစီမံခန့်ခွဲမှုအေဂျင်စီက ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများလုပ်ဆောင်လျက်ရှိသော်လည်း ရေဘေးသင့်ဒေသများတွင်
လမ်းများပြတ်တောက်နေ သည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
အခြေခံ အဆောက်အအုံများ ပြန်လည်ထူထောင်ရေးသည်
အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။
သီရိလင်္ကာနိုင်ငံတွင် သဘာဝဘေးကြောင့် သေဆုံးသူ ၄၆၅ ဦးရှိပြီး ထိုင်းနိုင်ငံတွင်
သေဆုံးသူ ၁၇၀ ရှိသည်။ အင်ဒိုနီးရှားနှင့် သီရိလင်္ကာနိုင်ငံတို့တွင် သဘာဝဘေးကြောင့်
ပျောက်ဆုံးသူဦးရေ ၉၀၀ ကျော် ရှိသည်ဟု သိရသည်။
အင်န်အိတ်ချ်ကေ

No comments