ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ
တောင်ငူ ဒီဇင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၌
၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်မိတ်ဆက်ပွဲ အခမ်းအနားကို
ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)မှ
ပါမောက္ခချုပ် ဒေါက်တာအိအိလှိုင်က မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကား
ပြောကြားပြီး ဒုတိယ ပါမောက္ခချုပ် ဒေါ်ကြူကြူဝင်းက ကျောင်းစည်းကမ်းဆိုင်ရာ ဆုံးမသြဝါဒများ
ပြောကြားသည်။ ယင်းနောက် ကွန်ပျူတာ တက္ကသိုလ်(တောင်ငူ)မှ ဌာနမှူးများနှင့် မိတ်ဆက်ပေးပြီး
သက်ဆိုင်ရာ ပါမောက္ခ/ဌာနမှူး များက မောင်မယ်သစ်လွင် ကျောင်းသား ကျောင်းသူများအား တက္ကသိုလ်တွင်
လက်ရှိကျင့်သုံး နေသော Credit System အကြောင်း၊ ကွန်ပျူတာသိပ္ပံနှင့် နည်းပညာဘာသာရပ်အကြောင်း၊
အသက်မွေးဝမ်းကျောင်းဆိုင်ရာ Career Path များကို ရှင်းလင်း ပြောကြားသည်။
ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)တွင် မောင်မယ်သစ်လွင်
ပထမနှစ် ကျောင်းသား ကျောင်းသူ ၁၂၀ နှင့် စုစုပေါင်း ကျောင်းသား ကျောင်းသူ ၅၂၃ ဦး တက်ရောက်
ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဇော်ကိုကို(တောင်ငူ)

No comments