အုတ်ဖိုမြို့၌ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်ပြသ
အုတ်ဖို ဒီဇင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး
အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးခြင်းဆိုင်ရာ သိရှိနိုင်စေရန်
ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့တွင် အဆိုပါရုံးရှေ့၌
နံရံကပ်ပြဘုတ်ဖြင့် ဆောင်ရွက်သည်။
အဆိုပါ နံရံကပ်ဘုတ်၌ ပါတီစုံဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် ဆန္ဒမဲပေးရာ၌ မြန်မာအီလက်ထရောနစ်
မဲပေးစက်ဖြင့် မဲပေးခြင်းဆိုင်ရာ အသိပညာများ၊ ဆန္ဒမဲပေးရာ၌ ဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်
အသိပညာပေး နံရံကပ်ပိုစတာများနှင့် ဒို့အတူတူမဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များ နှိုးဆော်ပြသပေးထားကြောင်း
သိရသည်။
အုတ်ဖို(ပြန်/ဆက်)

No comments