ညောင်တုန်းမြို့နယ်၌ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

 


ညောင်တုန်း ဒီဇင်ဘာ ၂၃

 

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဖောင်ရိုးချောင်းကျေးရွာရှိ UTT & Sons စက်သုံးဆီအရောင်းဆိုင်ကို ကွင်းဆင်း စစ်ဆေးဆောင်ရွက်သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းသူ ဦးဆောင်ကာ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးအတွက် စစ်ဆေးဆောင်ရွက်ခဲ့ရာ မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးခြင်း၊ အရောင်းဆိုင် ဝန်ထမ်းများအား မီးဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန် ရှောင်ရန်များကို မှာကြားခဲ့ကြောင်း သိရသည်။  

ဧရာဦးသာ

No comments

Powered by Blogger.