သာစည်မြို့နယ်၌ သာဂရ-သုံးပတ်လည်-အလယ်ကန် လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

 


သာစည် ဒီဇင်ဘာ ၂၂

 

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်သော သာဂရ-သုံးပတ်လည်-အလယ်ကန်လမ်း မြေသားတာပေါင်တင်၍ ဂျင်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ဒီဇင်ဘာ ၂၂ ရက်တွင် ကြည့်ရှုစစ်ဆေးသည်။

 

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၈၃ ဒသမ ၈၂၈ သန်းဖြင့် သာဂရ-သုံးပတ်လည်-အလယ်ကန်လမ်း လမ်းအရှည် သုည ဒသမ ၈၂၂ ကီလိုမီတာအား မြေသားတာပေါင်တင်၍ ဂျင်းခင်းခြင်းလုပ်ငန်းများကို သာစည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ဒေါ်နှင်းနှင်းအိလှိုင်နှင့် မြို့နယ်တာဝန်ခံတို့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျန်လမ်းပိုင်းများအား လာမည့်ဘဏ္ဍာရေးနှစ်များတွင် ဆက်လက်လျာထားဆောင်ရွက်သွားရန် မှာကြားသည်။

 

သာဂရ-သုံးပတ်လည်-အလယ်ကန်လမ်းသည် ရန်ကုန်-တောင်ငူ-မန္တလေးလမ်း၊ ခရိုင်ချင်းဆက်(၂) လမ်းတို့ဖြင့် ချိတ်ဆက်သွားလာနိုင်သော အဓိကကျသောလမ်းဖြစ်ပြီး အဆိုပါဒေသရှိ ကျေးရွာငါးရွာမှ ဒေသခံပြည်သူများအတွက် သွားလာရေးအဆင်ပြေချောမွေ့လာမည်ဖြစ်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.