လွိုင်လင်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

 



လွိုင်လင် ဒီဇင်ဘာ ၂၂


ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပြည်သူများ မဲပေးနိုင်ရေးအတွက် လှုံ့ဆော်ရေး မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စု လမ်းမကြီးဘေး မီးပွိုင့်အနီးတွင် ဆောင်ရွက်သည်။


ဖဲကြိုးဖြတ်ဖွင့်လှစ်


ဦးစွာ လွိုင်လင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်၊ လွိုင်လင်ခရိုင် ဒုတိယခရိုင်ရဲမှူး ဇော်နီချစ်၊ ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာအောင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မျိုးမျိုးသွယ်နှင့် ကုသရေးဦးစီးဌာန အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်သူတို့က “ဒို့အတူတူမဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမို ကောင်းမွန်သော အနာဂတ်ဆီသို့ မြေစိုက်ပိုစတာကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်နှင့် လူစည်ကားရာ မြို့မဈေးရှိ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား ဒို့အတူတူမဲပေးကြမယ်၊  ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ။ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်စို့ စသည့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


အယ်မင်း(ပြန်/ဆက်)

No comments

Powered by Blogger.