ဗီယက်နမ်နိုင်ငံသို့ အပူပိုင်းမုန်တိုင်း ကိုတို ချဉ်းကပ်လာနိုင်ကြောင်း အရေးပေါ်သတိပေးချက်များထုတ်ပြန်



ဒီဇင်ဘာ ၁

အပူပိုင်းမုန်တိုင်း ကိုတိုသည် ဗီယက်နမ်ရေပြင်သို့ နီးကပ်လာနေပြီး ထိုဒေသရှိ သင်္ဘောများအတွက် အရေးပေါ်သတိပေးချက်များ ထုတ်ပြန်ထားကြောင်း ဗီယက်နမ်သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါမုန်တိုင်းသည် ယနေ့ နံနက် ၇ နာရီအထိ အနောက်ဘက်သို့ ရွေ့လျားနေစဉ် တစ်နာရီလျှင် ၇၄ ကီလိုမီတာနှုန်း အမြင့်ဆုံးလေတိုက်နှုန်းဖြင့် တိုက်ခတ်လျက်ရှိပြီး ဒီဇင်ဘာ ၂ ရက်နေ့ ညနေ ၇ နာရီတွင် လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားမည်ဟု အမျိုးသားအဆင့် ရေနှင့် မိုးလေဝသခန့်မှန်းရေးဌာနက ခန့်မှန်းထားသည်ဟု သိရသည်။

ထိုမုန်တိုင်းသည် ဂျာလိုင်မှ ခန်းဟွာအထိ အလယ်ပိုင်းပြည်နယ်များအနီးရှိ ရေပြင်များတွင် အန္တရာယ်ရှိသော အခြေအနေများ ဖြစ်ပေါ်စေပြီး လေပြင်းတိုက်ခတ်မှုနှင့် လှိုင်းလုံးအမြင့် ၅ မီတာအထိ မြင့်တက်နိုင်သည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.