ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးနေမှုများ လိုက်လံကြည့်ရှု

 



ရန်ကုန် ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယနေ့နံနက်ပိုင်း တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေးအတွက် မဲစာရင်းများကို တစ်အိမ် တက်ဆင်းစနစ်ဖြင့် မြေပြင် ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးနေမှု များကို လိုက်လံကြည့်ရှုသည်။

ဦးစွာ   ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် မင်္ဂလာဒုံမြို့နယ် တိုးချဲ့ရပ်ကွက် ပတ္တားမြားလမ်း၊ အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း ရပ်ကွက် ဗိုလ်တေဇလမ်းနှင့် မရမ်းကုန်းမြို့နယ် (၅)ရပ်ကွက် အေဝမ်းလမ်း  အေဝမ်းကွန်ဒိုတို့ ၌   တာဝန်ရှိသူများက   မဲစာရင်းများ မြေပြင်ကွင်းဆင်း တိုက်ဆိုင် စစ်ဆေးနေမှုများကို ကြည့်ရှု စစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

ဇွဲထက်ကို (ပြန်/ဆက်)

No comments

Powered by Blogger.