စပါးက ဖူလ်ဟမ်အသင်းကို ရှုံးနိမ့်၊ ပြိုင်ပွဲစုံ နိုင်ပွဲပျောက်ဆုံးမှု လေးပွဲဆက်



နိုဝင်ဘာ ၃၀ ရက် နံနက် ၂ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် ပရီမီယာလိဂ် ပွဲစဉ် (၁၃) တွင်  ဖူလ်ဟမ်က စပါးအသင်းကို အကြိတ်အနယ်ကစားပြီး နှစ်ဂိုး-တစ်ဂိုးဖြင့်   အနိုင်ရရှိခဲ့သည်။   အဆိုပါ ပွဲစဉ်ကို စပါးအသင်းအိမ်ကွင်း၌ လက်ခံယှဉ်ပြိုင် ကစားခဲ့ပြီး ပရိသတ်  ၆၀၀၀၀  ကျော် လာရောက် ကြည့်ရှုခဲ့သည်။

ဖူလ်ဟမ်အသင်းသည် စပါးအသင်းကို ပွဲစတင်သည်နှင့်တစ်ပြိုင်နက် ဖိအားပေးတိုက်စစ်ဆင် ကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ၆ မိနစ်အတွင်း နှစ်ဂိုးပြတ် ဦးဆောင်နိုင်ခဲ့သည်။  စပါးအသင်းသည်  ဖူလ်ဟမ်အသင်းထက် သာလွန်သည့် ခြေစွမ်းပြသနိုင်ခဲ့သော်လည်း အသင်းကစားသမားများ၏ စွမ်းဆောင်ရည်ပိုင်း လိုအပ်ချက်ရှိနေသည့်အတွက် ရှုံးပွဲကြုံတွေ့ခဲ့ရသည်။

စပါးအသင်းသည် ယခုပွဲစဉ်မတိုင်မီ ယှဉ်ပြိုင်ကစားခဲ့သည့် ပြိုင်ပွဲစုံ သုံးပွဲတွင်လည်း နိုင်ပွဲရရှိ ထားခြင်းမရှိဘဲ တစ်ပွဲ သရေနှင့်  နှစ်ပွဲရှုံး  ရလဒ်ရရှိထားသည်။ ပြိုင်ဘက်ဖူလ်ဟမ်အသင်းက ယခုအနိုင်ပွဲကြောင့်  နှစ်ပွဲဆက်  နိုင်ပွဲရရှိခဲ့သည်။ ထို့အပြင် ဖူလ်ဟမ်အသင်းသည် ယခုပွဲစဉ် နိုင်ပွဲ ရရှိမှုမှာ ယခုနှစ်ရာသီတွင် ပထမဆုံးအကြိမ် ပရီမီယာလိဂ် အဝေးကွင်းနိုင်ပွဲရရှိခဲ့ခြင်းလည်း ဖြစ်သည်။

ဖူလ်ဟမ်အသင်းအတွက် သွင်းဂိုးများကို တီတီနှင့် ဝီလ်ဆင်တို့က သွင်းယူပေးပြီး စပါးအသင်း အတွက် တစ်လုံးတည်းသော ချေပဂိုးကို ကူဒုစ်က သွင်းယူပေးခဲ့သည်။ လာမည့်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၃ ရက်တွင်   စပါးက   နယူးကာဆယ်နှင့် လည်းကောင်း၊   ဖူလ်ဟမ်က   အသင်းကြီး မန်စီးတီး အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

အခြားပွဲစဉ်ရလဒ်များတွင် ဘရန့်ဖို့ဒ်က ဘန်လေကို သုံးဂိုး-တစ်ဂိုး၊ မန်စီးတီးက  လိဒ်စ်ကို   အကြိတ်အနယ်ကစားပြီး သုံးဂိုး-နှစ်ဂိုး၊ ဆန်းဒါးလန်းက တစ်ယောက်လျော့ ဘုန်းမောက်ကို သုံးဂိုး-နှစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သလို နယူးကာဆယ်ကလည်း တိုက်စစ်ခြေစွမ်းပြကာ အဲဗာတန်အသင်းကို    လေးဂိုး-တစ်ဂိုးဖြင့်  နိုင်ပွဲရရှိခဲ့သည်။   

အောင်ဇော်

No comments

Powered by Blogger.