ဘားအံမြို့နယ်၌ အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ခရိုင်အဆင့် အသိပညာပေးသင်တန်းဖွင့်
ဘားအံ ဒီဇင်ဘာ ၂၂
ကရင်ပြည်နယ် ဘားအံမြို့နယ်၌ ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အမျိုးသမီးများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ခရိုင်အဆင့် သင်တန်း ၂/၂၀၂၅ ကို ဘားအံမြို့နယ် လှာကဒေါင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက် ၉ နာရီ က ဖွင့်လှစ်သည်။
ဦးစွာ ကရင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာနည်ဝင်းက အမှာစကားပြောကြားပြီး ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက ရေဝပ်ဒေသများ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အခြေခံသဘောတရားနှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေး အကြောင်း၊ ခရိုင် သစ်တောဦးစီးဌာနက သစ်တောသစ်ပင်များ ထိန်းသိမ်း ရေးနှင့် တောမီးကာကွယ်ရေးအကြောင်း၊ ခရိုင်မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်အကြောင်း ဘာသာရပ်များကို ဆွေးနွေးပို့ချခဲ့ရာ သင်တန်းသူ ၂၀ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments