ဂါဇာဒေသခံ ၁ ဒသမ ၆ သန်းခန့် စားရေရိက္ခာမလုံလောက်မှုနှင့် အာဟာရချို့တဲ့မှုများနှင့် ကြုံတွေ့နေရ



ကုလသမဂ္ဂ ဒီဇင်ဘာ ၂၀

 

ဂါဇာဒေသခံ ၁ ဒသမ ၆ သန်းခန့် စားရေရိက္ခာမလုံလောက်မှုနှင့် အာဟာရချို့တဲ့မှုများနှင့် ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောသည်။ ဂါဇာ ဒေသခံများ စားသောက်ရန်အတွက် နေ့စဉ်အစားအသောက် ၁ ဒသမ ၅ သန်းကို ဖြန့်ဖြူးပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း ၎င်းကပြောသည်။ ဒေသခံများအတွက် ရေသန့်များဖြန့်ဖြူးပေးနေပြီး ဆေးကုသရေး စင်တာများကို ပြန်လည်ဖွင့်လှစ်ကာ ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ထပ်မံပေးအပ်မည် ဖြစ်ကြောင်းသိရသည်။

 

လက်ရှိအချိန်တွင် အပစ်အခတ်ရပ်စဲရေးဆောင်ရွက်ရမည်ဖြစ်ကာ နယ်စပ်ဖြတ်ကျော်စခန်းများ ပြန်လည်ဖွင့်လှစ်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ ဂါဇာရှိပါလက်စတိုင်းဒေသများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေများ အသက်ဝင်လာစေရေး ဆောင်ရွက်ရမည်ဟု ၎င်းကပြောသည်။ နိုင်ငံတကာဥပဒေအရ ဂါဇာဒေသသို့ ကုလသမဂ္ဂဝန်ထမ်းများ ဝင်ရောက် တာဝန်ထမ်းဆောင်နိုင်ရေး အစ္စရေးက ဆောင်ရွက်ရမည်ဟု ၎င်းကပြောသည်။

 

ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ

No comments

Powered by Blogger.