ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းနှင့် ဇနီးဖြစ်သူ ဘူရှရာဘီဘီတို့အား အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် ၁၇ နှစ် ချမှတ်
ပါကစ္စတန်
ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းနှင့် ဇနီးဖြစ်သူ ဘူရှရာဘီဘီတို့အား အဂတိ
လိုက်စားမှုဖြင့် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခဲ့ကြောင်း အထူးတရား ရုံးက ဒီဇင်ဘာ ၂၀
ရက်တွင် ပြောသည်။
၂၀၂၁ ခုနှစ်က
ဆော်ဒီအစိုးရထံမှ ရရှိခဲ့သည့် နိုင်ငံတော်လက်ဆောင်များကို လိမ်လည်ရယူခဲ့သည့်အတွက် ထောင်ဒဏ် ၁၀ နှစ်နှင့် အဂတိလိုက်စားမှု ကာကွယ်ရေး
အက်ဥပဒေအရ ထောင်ဒဏ်ခုနစ်နှစ် အသီးသီး ချမှတ်ခဲ့သည်။ ထို့ပြင် ငွေဒဏ် အဖြစ် ရူပီး
၁၆ ဒသမ ၄ သန်းကိုလည်း ပေးဆောင်ရမည်ဖြစ်သည်။
ဆော်ဒီမင်းသား
တစ်ဦးထံမှ တရားမဝင်နည်းလမ်းဖြင့် လက်ဝတ်ရတနာများကို ရယူခဲ့ကာ ၎င်းလက်ဝတ် ရတနာများ၏
တန်ဖိုးသည် ရူပီး ၇၁ သန်းကျော် ရှိကြောင်း သိရသည်။
အင်မရန်ခန်း၏
အသက်အရွယ်ကြီးမြင့်မှုနှင့် ဘူရှရာဘီဘီသည် မိန်းမသားတစ်ဦး ဖြစ်သည့်အတွက်
ယခုကဲ့သို့ လျော့ပေါ့ပြစ်ဒဏ်ကို ချမှတ်ခြင်းဖြစ်ကြောင်း တရားရုံးက ပြောသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ
No comments