ဇီးကုန်းမြို့နယ်၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ
ဇီးကုန်း ဒီဇင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်၌
အမျိုးသမီးရေးရာအဖွဲ့နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အမျိုးသမီးများအပေါ်
အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်
အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက
အထက(မြို့မ)၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ
ဒေါ်မြတ်ကေခိုင်က အခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား၍ မြို့နယ်ပညာရေးမှူး
ဒေါ်သန်းသန်းဌေးက အမှာစကားပြောကြားသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိ ဦးဇော်ဇော်ထက်က
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် ပတ်သက်သည့် ဥပဒေရေးရာများ၊ သတိပြုဆင်ခြင်ဖွယ်ရာ
သိကောင်းစရာများကို အသိပညာပေးပြောကြားသည်။
ထို့နောက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနမှ
အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ခင်ချိုသက်က “အပျိုဖော်ဝင်လာမယ့် မိန်းကလေးများအတွက်
သိမှတ်ဖွယ်ရာ”များကို ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)

No comments