နမ့်စန်မြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲ ကျင်းပ

 


နမ့်စန်      ဒီဇင်ဘာ      ၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂ ရက် ညနေ ၃ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဦးစွာ အခြေခံပညာ အထက်တန်းကျောင်း (နမ့်စန်)မှ ကျောင်းသား ကျောင်းသူများက ‘မြန်မာပြည်မှာ စာပဒေသာ သီချင်းဖြင့် သီဆို ဖျော်ဖြေသည်။

ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် က အမှာစကားပြောကြား သည်။

ဆက်လက်၍ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းက လှူဒါန်းသောစာအုပ်များကို မြို့နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးသန်းစိန်က ပေးအပ်လှူဒါန်းရာ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာအောင်က လက်ခံရယူသည်။

ထို့နောက် ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံး ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲတို့တွင် ပထမဆုရရှိသော ကျောင်းသား ကျောင်းသူများအား ပြည်နယ်သယံဇာတရေးရာဝန်ကြီးက လည်းကောင်း၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူများအား တာဝန်ရှိသူများကလည်းကောင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)



No comments

Powered by Blogger.