မော်လမြိုင်မြို့ပေါ်ရှိ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော် ဒီဇင်ဘာ ၈
တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏
ကျန်းမာရေးကဏ္ဍတိုးတက်မြင့်မားစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင်
နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ
ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်ရှိ သံဃာတော်များအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်
နယ်လှည့်ဆေးကုသရေးအဖွဲ့က မော်လမြိုင်မြို့ရှိ မြစေတီစာသင်တိုက်၌ ကျန်းမာရေးစောင့်ရှောက်မှု
လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ကုသပေးခြင်းများဆောင်ရွက်
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က
သံဃာတော် အပါး ၃၀၀ တို့ကို ဖျားနာရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ၊
မျက်စိရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ
ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သည့် သံဃာတော်များအား မော်လမြိုင်မြို့ရှိ
တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို မွန်ပြည်နယ်ဝန်ကြီးချုပ်
ဦးအောင်ကြည်သိန်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်
နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် မြစေတီစာသင်တိုက် ဆရာတော်ထံ
လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments