တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)မှ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ဘိုကလေးမြို့နယ်နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော် ဒီဇင်ဘာ ၈
တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ်
(ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု)တို့နှင့်အတူ ဘိုကလေးမြို့နယ်သို့ ရောက်ရှိနေသည့် တပ်မတော်မှ
ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သည့် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည်
ယနေ့နံနက်ပိုင်းတွင် ဘိုကလေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ အခြေပြု၍ ဒေသခံပြည်သူ
၇၃၃ ဦး အား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ဆေးကုသမှုဆိုင်ရာရောဂါ
၂၀၃ ဦး၊ ခွဲစိတ်ရောဂါ ၂၂ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၉ ဦး၊ ကလေးရောဂါ ၁၆ ဦး၊ အရိုးရောဂါ
၂၁၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅၅ ဦး၊ မျက်စိရောဂါ ၁၅၁ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ
၄၂ ဦး စုစုပေါင်းဒေသခံပြည်သူ ၇၃၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။
၎င်းတို့အနက် အထွေထွေခွဲစိတ် လူနာ ခုနစ်ဦး၊ မျက်စိခွဲစိတ်လူနာ လေးဦး၊ သွားနုတ်/သွားဖာ
၂၂ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၂၁ ဦး၊ Ultrasound စက်ဖြင့် စမ်းသပ်စစ်ဆေး လူနာ ၃၈ ဦး၊
ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၁ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသ
ပေးခြင်းများဆောင်ရွက်ပေးကြသည်။
အဆိုပါ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ
ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် ရောက်ရှိနေခြင်းဖြစ်ပြီး
ထိုသို့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏
စကားသံများကို ယခုကဲ့သို့ ကြားသိရပါသည် -
အဘနာမည်က ဦးသိန်းထောင်ပါ။ အသက် ၈၅ နှစ်ရှိပြီ။
အခု ပါရဂူကြီးတွေ ကိုယ်တိုင်လာပြီးတော့ ပရဟိတကုသပေးတာ တစ်ခါမှမတွေ့ခဲ့ဖူးဘူး။ အဘခြေထောက်ကတော့
ကုမရတော့ ဘူးတွက်တာ။ အခုကတော့ အဘက တော်တော်ဝမ်းသာပါတယ်။ ဘယ်လိုဝမ်းသာမှန်းကိုမသိဘူး။
ကျေးဇူးတင်ပါတယ်။ အဘ ပြောရင်းနဲ့တောင် မျက်ရည်ကျမိပါတယ်။ ဝမ်းသာတာ ဝမ်းသာတာ ဒီလိုကုပေးတယ်ဆိုတာ
တစ်ခါမှ မကြားဖူးဘူး။ တွေ့လည်းမတွေ့ ဖူးဘူး။ ဒီနေ့လက်တွေ့ကုသဖူး ခဲ့ပါပြီ။
အန်တီကတော့ ခင်မိုးမိုးအေးလို့ ခေါ်ပါတယ်။
အခုလက်ကို အဆီကျိတ်လာပြတာပါ။ ဆရာဝန်ကြီးတွေကလည်း အန်တီကို သေသေချာချာ ခွဲစိတ်ကုသပေးပါတယ်။
ကျေးဇူးလည်း တင်ပါတယ်။ တော်တော်ကြာပါပြီ။ တစ်နှစ်နီးပါးလောက်တော့ ရှိပြီပေါ့နော်။ ဒီမှာပြတာအကုန်လုံး
သက်သာတယ်။ လူအင်အားလည်း သက်သာတယ်။ ငွေရေးကြေးရေးလည်း သက်သာတယ်။ အသွားအလာ ခရီးစရိတ်လည်း
သက်သာတယ်။ အားလုံး အဆင်ပြေပါတယ်။ လာရောက်ပြီးတော့ ကုသပေးတဲ့ ဆရာဝန်ကြီးတွေလည်း ကျန်းမာချမ်းသာပြီး
အန္တရာယ်ကင်း ဘေးကင်းပါစေ၊ ရာထူးတွေလည်း တိုးတက်ပါစေ၊ အန်တီ ဆုတောင်း မေတ္တာပို့ပါတယ်။
ကျန်တဲ့ ခုနစ်ရက်သားသမီး တွေလည်း လာပြီးပြစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ဝမ်းသာပါတယ်။
နောင်လည်း အခုလိုမျိုးလာရောက်ပြီးတော့ ကုသပေးနိုင်ဖို့ ဖိတ်ခေါ်ကြိုဆိုပါတယ်။
သတင်းစဉ်

No comments