ကျေးရွာပေါင်း ၃၀ ကို အကျိုးပြုသည့် ကြခတ်ကုန်းတံတားဖွင့်ပွဲ ကျင်းပ
ဝါးခယ်မ ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်တွင်
(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ကြခတ်ကုန်းကျေးရွာအုပ်စု
ပဆငမှ ကြခတ်ကုန်း - ကျောင်းစု - ကလ ကျေးရွာချင်းဆက် လမ်းပေါ်တွင်တည်ရှိသော ကြခတ်ကုန်းတံတားဖွင့်ပွဲကို
ယနေ့ညနေ ၄ နာရီက ကျင်းပသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးတင်မောင်ဝင်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲခေါင်ထွန်းတို့က ကြခတ်ကုန်းတံတားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး
တက်ရောက်လာသော ဧည့်သည်တော်များအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးစိုးထွန်းနိုင်က အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် တိုင်းဒေသကြီး၊
ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများက တံတားကို ဖြတ်သန်းကြည့်ရှု စစ်ဆေးကြသည်။
ကြခတ်ကုန်းတံတားသည် အရှည် ပေ ၆၀၊ အကျယ်
ပေ ၂၀ ရှိ သံကူကွန်ကရစ် တံတားဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တံတားတည်ဆောက် ခြင်း(ပထမပိုင်း)ကို
လည်းကောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တံတားတည်ဆောက်ခြင်း(ဒုတိယပိုင်း)လုပ်ငန်းကို လည်းကောင်း
ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကြခတ်ကုန်းတံတား၏ စုစုပေါင်းတန်ဖိုးမှာ
ကုန်ကျငွေ ကျပ်သန်း စုစုပေါင်း ၃၂၉ သန်းရှိခဲ့ပြီး ကျေးရွာ ၃၀၊ အိမ်ခြေ ၁၅၀၀ နှင့်
လူဦးရေ ၅၂၅၀ တို့အတွက် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကုန်စည်ပို့ဆောင်ရေးတို့ကို
များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။
လွှမ်းသီဟ(ပြန်/ဆက်)

No comments