ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်
ရန်ကုန် ဒီဇင်ဘာ ၂၂
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယမန်နေ့က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)
အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဝန်ထမ်းများအားလုံး
နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရန်၊ လာမည့်အထွေထွေ
ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်း ကူညီဆောင်ရွက်ကြရန်၊ နိုင်ငံသားတာဝန်ကျေပွန်စေရေး
မဲရုံသို့ မပျက်မကွက်သွားရောက် ဆန္ဒမဲပေးကြရန်၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု
တိုင်းရင်းသားကျေးရွာ(ရန်ကုန်) အဆင့်မြှင့်တင်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်
လုပ်ငန်းများအား ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများ၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ
အချိန်မီပြီးစီးရေးနှင့် ဝင်ငွေပိုမိုတိုးတက်ရရှိရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်
မှာကြားသည်။
ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ
ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်
ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)၏ ၂၀၂၅ ခုနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အထိ
ဝင်ငွေလျာထားချက်ပေါ် ၈၅ ဒသမ ၂၈ ရာခိုင်နှုန်း ကောက်ခံရရှိမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ၂၀၂၅-၂၀၂၆
ဘဏ္ဍာနှစ် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)အတွင်း မြေယာရှုခင်းနှင့် ပန်းအလှစိုက်ပျိုးခြင်း
တင်ဒါလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆိပ်ခံဗောတံတား သောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊
ရိုးရာအိမ်များနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ
ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments