မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

 



မန္တလေး ဒီဇင်ဘာ ၂၃

၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ချမ်းအေးသာစံမြို့နယ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည်  တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ချမ်းအေးသာစံမြို့နယ်ရှိ ပြည်ကြီးမျက်ရှင် ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် တတိယအကြိမ် မဲဆန္ဒရှင်များစာရင်း ကပ်ထား ကြေညာထားရှိမှုနှင့် လာရောက်ကြည့်ရှုနေမှု၊ ကြိုတင် ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု၊ အမှတ်(၁၆)အခြေခံပညာ အထက်တန်းကျောင်းတွင် မဲရုံကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှု၊ ကဉ္စနမဟီ ရပ်ကွက်ရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထား ကြေညာထားမှုနှင့် ပြည်သူများ လာရောက်ကြည့်ရှုနေမှု၊  ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု၊ အမှတ်(၂၂) အခြေခံပညာအထက်တန်းကျောင်းတွင် မဲရုံကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးအတွက် ကြိုတင်မဲပေးပိုင်ခွင့် ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေး၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ဆန္ဒမဲလာရောက်ပေးကြသူများ အဆင်ပြေချောမွေ့စေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)

No comments

Powered by Blogger.