ပေါင်မြို့နယ်၌ အိန္ဒိယနွယ်ဖွားများ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးရရှိရေးဆောင်ရွက်
ပေါင် ဒီဇင်ဘာ ၂၃
မွန်ပြည်နယ် ပေါင်မြို့နယ် ပေါင်းရပ်ကွက်
စရိစူလာမဏိ ဟိန္ဒူဘုရားကျောင်းခန်းမ၌ အိန္ဒိယနွယ်ဖွားများ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးရရှိရေးအတွက်
ပေါင်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မွန်ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး
ဦးရဲရင့်ထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးတို့က
ကြည့်ရှုအားပေးကြသည်။
လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
မြို့နယ် ဦးစီးမှူးရုံးအနေဖြင့် ကတ်လာရောက်လျှောက်ထားသူပြည်သူများအား နိုင်ငံသားလျှောက်ထားမှု၊
အမျိုးသားမှတ်ပုံတင်ကတ် လက်ဝယ်ကိုင်ဆောင်ထားပြီး သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးသို့
အကြောင်းအမျိုးမျိုးဖြင့် လာရောက်လျှောက်ထားမှု မရှိသူများ၊ ကိုင်ဆောင်လက်မှတ် ကိုင်ဆောင်ထားခြင်းမရှိသူများအား
လွယ်ကူစွာဖြင့် အချိန်တိုအတွင်း ကိုင်ဆောင်လက်မှတ် ရရှိနိုင်ရေး လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ကတ်တစ်မျိုးမျိုး
လျှောက်ထားသူ ၆၃ ဦးရှိကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)

No comments