မိုင်းပျဉ်းမြို့၌ အရပ်ရပ်အခွင့်အရေးလိုင်စင်နှင့် သားသတ်လိုင်စင် စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချ

 


မိုင်းပျဉ်း ဒီဇင်ဘာ ၂၃

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပျဉ်းမြို့ မြို့နယ်စည်ပင်သာယာရေးဌာန ၂၀၂၅−၂၀၂၆ ဘဏ္ဍာနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်နှင့် သားသတ်လိုင်စင် စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချပွဲကို အဆိုပါရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 

ဦးစွာ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ ကျိုင်းတုံမြို့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်မေနှင့် မိုင်းပျဉ်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးမိုးကျော်တို့က အမှာစကား ပြောကြားကြသည်။

 

ဆက်လက်၍ မိုင်းပျဉ်းမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦးက ၂၀၂၆−၂၀၂၇ ဘဏ္ဍာနှစ် အရပ်ရပ် အခွင့်အရေးလိုင်စင် စည်းကမ်းချက်များနှင့် သားသတ်စည်းကမ်း ချက်များကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ၂၀၂၆−၂၀၂၇ ဘဏ္ဍာနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များဖြစ်သော မြို့ဝင်/ထွက် ဘီးကောက်၊ မြို့မပျံကျ စျေးကောက်၊ မြို့မအပေါင်ဆိုင်နှင့် သားသတ်လိုင်စင်များဖြစ်သော မြို့မ အမဲ/ဝက်၊ ကျေးလက်အမဲ/ဝက်ရောင်းချခြင်းကို ဆက်လက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နန်းသန္တာဦး(ပြန်/ဆက်)

No comments

Powered by Blogger.