မိုင်းရယ်မြို့နယ် မဲဆန္ဒနယ်တွင် မဲစာရင်းပြည့်စုံမှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေး
မိုင်းရယ် ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ်၌
တတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာရန် မဲစာရင်းပြည့်စုံမှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေးခြင်းကို
ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ထိုသို့ တိုက်ဆိုင်စစ်ဆေးရာတွင် အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ မြို့နယ် လဝကရုံးမှ
တာဝန်ရှိသူများ၊ သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ရပ်ကွက်နှင့် ကျေးရွာကော်မရှင်
အဖွဲ့ဝင်များနှင့် ရပ်/ကျေးစာရေးတို့က မဲဆန္ဒရှင်စာရင်းများတွင် ပါဝင်သင့် ပါဝင်ထိုက်သူများ
ပါဝင်နိုင်ရေး၊ မဲဆန္ဒရှင်စာရင်း ကျန်ရှိမှုမရှိစေရေးတို့ကို တိုက်ဆိုင်စစ်ဆေးခဲ့သည်။
အဆိုပါ မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်
စစ်ဆေးနေမှုအခြေအနေများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး
ကြီးကြပ်မှုကော်မတီဝင်များက စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments